မန္တလေးတွင် ဦးဘဦးနှင့် ၂၁-ဦးနောက်ပါတို့ အတော်ကလေးလှုပ်ရှားလျှက်ရှိနေရာ စီပီ ဦးခင်မောင်နှင့် မန္တလေးဝံသာနု အချို့က ဦးထွန်းအောင်ကျော်နှင့်ပေါင်းပြီး ဆရာတော်ဦးဥတ္တမကို မန္တလေးသို့ ပင့်ရန်စီစဉ်ပြီး
ပင့်တော့သည်။
ဦးဥတ္တမကိုယ်တော်ကြွလာပြီဆိုလျှင် မန္တလေးမြို့မှ မြင်မကောင်းသော လူထုပရိသတ်ကြီးသည်
ရှမ်းစုဘူတာမှ ဆီးကြိုစောင့်ဆိုင်းလျင်ရှိ၏။
၁၂၈၆-ခုနှစ် တပေါင်းလလောက်ပင်ဖြစ်သည်။
ဆရာတော်ဦးဥတ္တမအား မော်တော်ကားနှင့်တင်၍ နောက်နှင့်ရှေ့မှ လူထုပရိသတ်ရဟန်သတ်များ
လိုက်လာကြလေရာ ၂၁-ဦးဘက်က သူတို့ အစည်းအဝေးလုပ်နေသော ဓါတ်ရထားလမ်းတလျှောက်ကို
ဦးဥတ္တမ မကြွလာဖို့ရာဇဝတ်ဝန်ထံသို့ ကန့်ကွက်အကြောင်းကြား၍ ရာဇဝတ်ကလည်း ထိုမျှကြီးမားသော
လူထုပရိသတ်ကို ထိုလမ်းမှမသွားရန် လာပြီး ရုတ်ချည်းကန့်ကွတော့သည်။
လူထုသည် နားမထောင်ဘဲ ဇွတ်ချီတက်လေရာကျောက်သွေးတန်းသို့ ရောက်တွင် လူထုအပေါ်သို့ ခဲများ။
ပုလင်းများကျလာသဖြင့် ထိုပုလင်းများကျသည်ဟု ထင်ရသော နီးရာရွှေမောင်းတိုက် ပိုးထည်ဆိုင်တို့ကို
ဝိုင်းပြီး ခဲ့နှင့်ပစ်ကြလေတော့သည်။
ပုလိပ်ကလက်နက်နှင့် တားမြစ်နေစဉ် အဓိကရုဏ်းဖြစ်ပွားသော လမ်းပေါ်၌ ပုလိပ်ကို ခဲနှင့်ပစ်ကြ၍
ပုလိပ်ကလည်း သေနတ်နှင့်ပစ်ရာ ဦးထွန်းအောင်ကျော်၊ ဦးတုတ်၊ စီပီ ဦးခင်မောင်၊ ဦးဆောင်၊
ဦးစံညွန်တို့ကို ဖမ်းပြီး အစိုးရက တရားစွဲဆိုလေသည်။
အားလုံးပင် ထောင်ဒါဏ် ၄-နှစ်၊ ၇-နှစ်သဖြင့်
ကျခံရ၏။
No comments:
Post a Comment